မန္တလေး-၂၅ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်း ခန္တီးမြို့တွင် Miss Crystal Angel International 2020 and Mister Burmese 2019 Hkhamti Region အလှမယ် ၊ အလှမောင်ရွေးချယ်ပွဲကျင်းပမည်ဖြစ်ကြောင်း MRPP Organization မှ သိရသည်။
ခန္တီးမြို့တွင်ရှိသည့် ရွက်ပုန်းသီး အလှမယ် ၊ အလှမောင်များကို ဖော်ထုတ်ပေးရန်ရည်ရွယ်ပြီး ယခုလို အလှမယ် ၊ အလှမောင် ရွေးချယ်ပွဲကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
‘ ခန္တီးဒေသက ရွက်ပုန်းသီးMister တွေ Miss တွေကို သွားရောက်ထုတ်ဖော်ခြင်း ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်က နယ်တွေမှာလည်းပြိုင်ချင်တဲ့ကလေးတွေယှဉ်ပြိုင်နိုင်အောင်လို့ ကျင်းပခြင်းဖြစ်ပါတယ်’ဟု Regional Director ကိုဇွဲမာန်ခိုင်ဌေးက ပြောသည်။
ခန္တီးမြို့တွင် ကျင်းပပြုလုပ်မည့် Miss Crystal Angel International 2020 and Mister Burmese 2019 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အလှမယ် ၊ အလှမောင်ရွေးချယ်ပွဲကို မတ်လတွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါရွေးချယ်ပွဲမှ အလှမယ် ၂၁ ဦး ၊ အလှမောင် ၂၁ ဦး ကိုရွေးချယ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အလှမယ် ၊ အလှမောင်များ ထဲမှ သုံးဦးစီ ထပ်မံရွေးချယ်သွား မည်ဖြစ်ကြောင်း သိရသည်။
Mister Burmese 2019 ကို ၂၀၁၉ ခုနှစ် မေလတွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတကာက ဝင်ရောက်ယှဉ်ပြိုင်မည့် Miss Crystal Angel International 2020 ကို ၂၀၂၀ ခုနှစ်တွင် မန္တလေးမြို့မှာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်