ဖောင်းပြင် ဒီဇင်ဘာ ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖောင်းပြင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀)အတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကြက်သွန်နီစသော အမယ်(၅)မျိုးကို လှူဒါန်းပေးခဲ့ရာ မော်လိုက်ခရိုင်၊ ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီက ဖောင်းပြင်မြို့နယ်၊ သရောင်းကျေးရွာ သာသနာ့ရက္ခိတ ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲ စသည့် အမယ်(၅)မျိုးအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ယင်းကျောင်းတိုက်တွင် လိုအပ်သည်များ ဖြည့်ဆည်းအသုံးပြုနိုင်ရန် အတွက် အလှူငွေများစုပေါင်းကာ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)