တမူး နိုဝင်ဘာ ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တမူးမြို့နယ် ပြည်သူများအတွက် လှူဒါန်းသည့် အောက်ဆီဂျင်အိုးများနှင့် Concentrator များ လွှဲပြောင်းပေးအပ်ပွဲကို နိုဝင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက တမူးခရိုင် ပြည်သူ့ဆေးရုံကြီး၌ ကျင်းပကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အံ့မောင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမောင်မောင်ကြည်နှင့် တာဝန်ရှိသူများက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တမူးမြို့နယ် ပြည်သူများအတွက် လှူဒါန်းသည့် အောက်ဆီဂျင်အိုးအလုံး (၃၀)နှင့် ဆက်စပ်ပစ္စည်းများ၊ Concentrator (၅)လုံးတို့အား လွှဲပြောင်းပေးအပ်ကြရာ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသူရနှင့် သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီး ဒေါက်တာသိန်းနိုင်ဦးတို့က လက်ခံရယူခဲကြသည်။ 

 

တမူးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရောဂါဖြစ်ပွားသူ (၁၈၀၀)ကျော်ရှိပြီး သေဆုံးသူပေါင်း ၅၅ ဦးအထိရှိခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနမှ မေ ၂၈ ရက်တွင် Stay at Home မြို့နယ်အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းလာသည့်အတွက် စက်တင်ဘာ ၂၅ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ Stay at Home မြို့နယ်မှ ပယ်ဖျက်ခဲ့ကာ လက်ရှိကာလတွင် ရောဂါဖြစ်ပွားသူ လျော့နည်းသွားပြီဖြစ်ကြောင်း၊ ယနေ့ အလှူခံရရှိသည့် အောက်ဆီဂျင်အိုးအလုံး (၃၀)နှင့် ဆက်စပ်ပစ္စည်းများ Concentrator (၅)လုံးတို့အား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသည့် လူနာများနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် လူနာများအတွက် အဓိကအသုံးပြုသွားမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသူရထံမှ သိရသည်။

 

ကျော်ကြီး(တမူး)