ဗန်းမောက်၊ ၂၈ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ပင်းခါးကျေးရွာ၌ အရှည်ပေ ၂၀၀ ရှိ ချောင်းကြီး ချောင်းကူးတံတားသစ်ကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ချောင်းကြီးချောင်းကူးတံတားသစ်ကို နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိပြီး သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့နှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

 

တံတားပြီးစီးပါက ဗန်းမောက်မြို့နှင့် မံလူဒေသ၊ မံယူကြီးဒေသ၊ ကနန်းဒေသတို့မှ ပြည်သူများအနေဖြင့် ပင်လည်ဘူးမြို့နယ်သို့ လွယ်ကူလျှင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

လူအောင်(ကသာ)

 

FB_IMG_1608992691980