မုံရွာ၊ ၃ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ခန်းမတွင် တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးမျိုးမောင်နှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။

 

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအနေဖြင့် မိမိ၏ ဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီး၏ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ  ဆောင်ရွက်ဆဲလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်ကြရန်နှင့်  တိုင်းဒေသကြီးအတွင်း  ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရေး၊ တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လိုအပ်သည့်လုပ်ငန်းများကို မိမိအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

ထွန်းကိုကို (တိုင်းဒေသကြီး ပြန်/ဆက်)

 

mdn