မုံရွာ ဇူလိုင် ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ၂၀၂၆ ခုနှစ် မိုးရာသီ ဝါးပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့ မြန်မာ့သစ်လုပ်ငန်း အမှတ်(၇၅)သစ်ပါးလွှာ စက်ရုံဝင်း အတွင်း၌ ကျင်းပသည်။

 

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်းနှင့်စီးပွားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ သယံဇာတရေးရာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးတို့က သတ်မှတ်နေရာများတွင် နေရာယူကြပြီး တက်ရောက်လာသော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများနှင့်အတူ စုစုပေါင်း ဝါးပျိုးပင် ၄၀၀၀ ကို စုပေါင်းစိုက်ပျိုးပေးသည်။

 

အလားတူ တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ဦးဆောင်ပြီး စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ခန္တီး၊ ဟုမ္မလင်း၊ ကန့်ဘလူ၊ ကလေး၊ မော်လိုက်တို့တွင်လည်း ဝါးပျိုးပင် ၆၃၀၀ ကို စုပေါင်းစိုက်ပျိုးပေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း စုစုပေါင်းဝါးပျိုးပင် ၁၀၃၀၀ ကို စုပေါင်း စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)