ဟုမ္မလင်း  ၁၉   ဇွန်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ စစ်ကိုင်တိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ကြိုးပြင်တောများအတွင်း ရွှေသတ္တုတူးဖော်ခြင်း ကြောင့် သစ်ပင်ပေါက်ရောက်မှု မရှိသော နေရာများအား ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး တစ်သိန်း  ကြဲချခြင်းကို ယနေ့နံနက် ၈ နာရီက ဟုမ္မလင်း လေတပ်စခန်းအ​တွင်း ကျင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ သစ်ပင်ပေါက်ရောက်မှုမရှိသော နေရာ ၉ နေရာ ဧရိယာပေါင်း ဧက ၄၈၀ တွင် ဘောစကိုင်း၊ ရှား၊ ဆူးဖြူ မျိုးစေ့ ငါးသိန်း ပါဝင်သော သစ်စေ့မြေလုံး (Seed ball) တစ်သိန်း အား ရဟတ်ယာဉ်ဖြင့် ကြဲချ ပေးခဲ့ကြောင်း သိရသည်။    

 

အဆိုပါ သစ်စေ့ကြဲချခြင်းအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်မှ ခေတ္တဌာနချုပ်မှူးနှင့် အရာရှိစစ်သည်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စစ်ကိုင်းတိုင်းဒေသကြီး သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းထွန်း၊ မော်လိုက်/ခန္တီးခရိုင် သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ကျော်၊ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးအေးမင်းလှိုင်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)