စစ်ကိုင်း ၂၂   မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်လုပ်ငန်းရှင်များ အသင်း(စစ်ကိုင်း)ဥက္ကဌနှင့် မိသားစုများက သမဝါယမ တက္ကသိုလ်(စစ်ကိုင်း)ရှိ အုပ်ချုပ်ရေး၊ သင်ကြားရေး ဆရာ/ ဆရာမများနှင့် ဝန်ထမ်းများအား စားသုံးဆီများ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းကို မေ ၂၂ ရက်၊ မွန်းလွဲ(၁)နာရီအချိန်က အဆိုပါတက္ကသိုလ်ကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

လှူဒါန်းပွဲတွင် သမဝါယမတက္ကသိုလ်(စစ်ကိုင်း)ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက ကျေးဇူးတင် စကားပြောကြားပြီး ကျောက်မျက်လုပ်ငန်းရှင်များအသင်း(စစ်ကိုင်)ဥက္ကဋ္ဌ ဦးအောင်ကြီးက စားသုံးဆီများ ထောက်ပံ့လှူဒါန်းရာ သင်ကြားရေး ဆရာ/ ဆရာမများက လက်ခံရယူပေးခဲ့ကြသည်။

 

"ကျွန်တော့်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကာလမှာ သမဝါယမ တက္ကသိုလ်(စစ်ကိုင်း)ရှိ ဆရာ/ ဆရာမများနဲ့ ဝန်ထမ်းတွေကို ထောက်ပံ့လှူဒါန်းပေးတာ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေချင်လို့ပါ စုစုပေါင်းဝန်း(၂၈၇)ဦးအတွက် Meizan စားသုံးဆီဘူး (၂၈၇)ဘူး လှူဒါန်းပေးပါတယ် ငွေသားကတော့ ကျပ်(၁၀)သိန်းပါ" ဟု ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း(စစ်ကိုင်း)ဥက္ကဋ္ဌမှ ပြောပြ၍ သိရသည်။

 

ဇော်မြင့်နိုင်