မုံရွာ ၂၂ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၆)ခုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဂျုံသီးနှံကို ဒီဇင်ဘာလ တတိယပတ် အကုန်အထိ ၇၁၇၁၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

ဂျုံသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မုံရွာခရိုင်တွင် ၅၂၁၄ ဧကအားလည်းကောင်း၊ စစ်ကိုင်းခရိုင်တွင် ၄၁၃၂၇ ဧကအားလည်းကောင်း၊ ရွှေဘိုခရိုင်တွင် ၂၀၄၆၀ ဧကအား လည်းကောင်း၊ ယင်းမာပင်ခရိုင်တွင် ၄၆၈၄ ဧက အားလည်းကောင်း၊ ကလေးခရိုင်တွင် (၁၅)ဧကအားလည်းကောင်း၊ ခန္တီးခရိုင်တွင် ၁၁ ဧကအားလည်းကောင်း စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဂျုံသီးနှံစိုက်ပျိုးရာသီ၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာခရိုင်တွင် ၁၆၁၂၄ ဧကအားလည်းကောင်း၊ စစ်ကိုင်းခရိုင်တွင် ၅၀၃၅၂ ဧကအားလည်းကောင်း၊ ယင်းမာပင်ခရိုင်တွင် ၁၅၅၃၃ ဧကအားလည်ကောင်း၊ ရွှေဘိုခရိုင်တွင် ၂၉၄၂၀ ဧကအားလည်းကောင်း၊ ကလေးခရိုင်တွင် ၂၇၈၃ ဧကအားလည်းကောင်း၊ တမူးခရိုင်တွင် ၂၀ ဧကအားလည်းကောင်း၊ ခန္တီးခရိုင်တွင် ၆၈ ဧကအား လည်းကောင်း၊ စုစုပေါင်း ဂျုံ ၁၁၄၃၀၀ ဧကအား စိုက်ပျိုးရန်လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)