နေပြည်တော်၊ ဩဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၁၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၇ ရက် နံနက် ၉ နာရီတွင် ကလေးမြို့နယ် ကလေးဝမြို့ အမှတ် (၁) ရပ်ကွက် ကလေးဝ-ကလေးသွား ကားလမ်းတွင် မြင့်ဇော်မောင်းနှင်ပြီး မင်းခန့်ကျော် (ခ) ကိုကို လိုက်ပါလာသည့် FUSO ၆ ဘီး ခရီးသည်တင်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၁၉ ဘီလီယံတန်ဖိုးရှိ ပလတ်စတစ်ဆပ်ပြာခွက် ၁,၉၈၀ ဖြင့်ထည့်လျက် ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်