နေပြည်တော်၊ အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ငွေကျပ်သိန်း ၄,၃၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၆ ကီလို ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  အောက်တိုဘာ ၂၃ ရက် ည ၆ နာရီခွဲတွင် ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ()၊ အမှတ်()လမ်းတွင် ရိုဒိန်းလျန်နာ မောင်းနှင်ပြီး မောင်မောင်နိုင်ဝင်း()မောင်နိုင် လိုက်ပါလာသည့် TOYOTA MARK II မော်တော် ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၂၀၀ ဖြင့် ထည့်လျက် ဘိန်းဖြူ ၂ ကီလို ဖမ်းဆီး ရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ည ၈ နာရီခွဲတွင် ဘိန်းဖြူများရောင်းချခိုင်းသူ မျိုးကိုဦးနှင့် မဆန်ချင်းတိလ် တို့ ၂ ဦးအား ကလေးမြို့၊ တောင်ဇလပ် ရပ်ကွက်၊ နယ်မြေ(၁၀)၊ ဘုရင့်နောင်လမ်းဆုံတွင် ဆပ်ပြာခွက် ၆၆၀ ဖြင့်ထည့်လျက် ဘိန်းဖြူ ၆ ဒသမ ၆  ကီလို၊ TOYOTA MARK II မော်တော်ယာဉ် တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄,၃၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ဘိန်းဖြူများကို မန္တလေးမှ ဖိုးကျော် ()ကျော်ကျော်()မော်သင်းနှင့်ဇနီး မခင်မိုးနွယ်()မိုးနွယ်တို့၏ အစီအမံဖြင့် မိတ္တူကူးစက် အဟောင်းများအတွင်းသိုဝှက်ပြီး ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ် ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း၊ အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

(သတင်းစဉ်)