၁၄ ဇွန်

ဂျပန်နိုင်ငံNHK သတင်းဌာနသည် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံတွင် ကျဆုံးခဲ့သော ဂျပန်စစ်သည်များ၏ ရုပ်ကြွင်းများ ရှာဖွေမှုကို စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လူးမြို့နယ်တွင် ဆောင်ရွက်နေသည့် ဂျပန်နိုင်ငံသား Mr.Imoto အား သတင်းမှတ်တမ်းရိုက်ကူးစဉ် ယနေ့တွင် ၎င်းမြို့ရှိ ဦးရဲတင့်၏ နေအိမ်ခြံဝင်းအတွင်းမှ ဂျပန်စစ်သည် တစ်ဦး၏ ရုပ်ကြွင်းအား ရှာဖွေတွေ့ရှိသည်။

 

mdn

 

ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ်တပ်များသည် မော်လူးမြို့အနီးရှိ ဘုရားလေးတောင်ကုန်းတွင် White City အဖြစ် တပ်စွဲထားခဲ့စဉ် ၎င်းနေရာ၌ ဂျပန်တပ်များနှင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂျပန်စစ်သည်အချို့ ကျဆုံးခဲ့ကြောင်း၊ ဂျပန်နိုင်ငံသား Mr.Imoto သည် ဂျပန်စစ်သည်များ၏ ကျန်ရစ်သူမိသားစုများကိုယ်စား ရုပ်ကြွင်းများ ရှာဖွေမှုကို စုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းနေရာတစ်ဝိုက်တွင် အထက်ပါအတိုင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ ကျန်ရစ်သူမိသားစုများအနေဖြင့် ၄င်းတို့ရိုးရာ အတိုင်း ရုပ်ကြွင်းများကို ကန်တော့နိုင်ရန် မျှော်လင့်နေကြရာ ၎င်းမှာ ကိုယ်ချင်းစာစိတ်ဖြင့် ရှာဖွေပေး နေခြင်းဖြစ်ကြောင်း၊ ထိုသို့ ရုပ်ကြွင်းရှာဖွေတွေ့ရှိသည့် နေရာအား စမ်းသပ်တူးဖော်မှုသာ ပြုလုပ်ထားပြီး ၎င်းရုပ်ကြွင်းကို နှစ်နိုင်ငံအစိုးရများ ညှိနှိုင်းမှုဖြင့် ဂျပန်နိုင်ငံသို့ ပြန်လည်သယ်ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)