မင်းကင်း  ၁၅  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် လောင်းတည်အုပ်စု လောင်းတည်ကျေးရွာနှင့် လောင်းကျဉ်းကျေးရွာတို့တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသော ပြည်သူများနှင့် ပျက်စီး/ ပျောက်ဆုံးနေသော နိုင်ငံသားစိစစ်ရေးကတ်ပြားများအတွက် ကွင်းဆင်းဆောင်ရွက်ပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်၌ ပြုလုပ်ပေးသည်။

 

mdn

 

ရှေးဦးစွာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန တိုက်နယ်တာဝန်ခံ ဦးဒေါင်းခေါင်က နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များအား အသေးစိတ်ရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူများအတွက် လွယ်လင့်တကူဖြစ်စေရန် ယခုလိုလာရောက်ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လောင်းတည်ကျေးရွာ၌ ဒေသခံပြည်သူ ၃၈ ဦး၊ လောင်းကျင်းကျေးရွာ၌ ဒေသခံပြည်သူ ၆၃  ဦးတို့ကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

ချင်းတွင်းသား