မုံရွာ ဇူလိုင် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့တို့ ပူးပေါင်း၍ လတ်တလောဖြစ်ပွားလျှက်ရှိသော ကိုဗစ်-၁၉ရောဂါ ကူးဆက်ပြန့်ပွားမှုမရှိစေရေးအတွက် ဇူလိုင်လ(၁၉)ရက် နံနက်ပိုင်းက မုံရွာမြို့၊ ဗိုလ်ချုပ် လမ်းမကြီးနှင့် ကျောက္ကာလမ်းတို့တွင် Mark ကမ်ပိန်းနှင့် ဈေးဝယ်ကတ်နှင့် ဆေးရုံ/ ဆေးခန်းသွားလာ ဝင်/ထွက်ခွင့်ကတ်များ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမိန့်အမှတ်(၂၈၇/၂၀၂၁)ဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင် လ (၁၃)ရက်မှစတင်၍ မုံရွာမြို့နယ်အား (Stay at Hone) သက်မှတ်ကြေညာခဲ့သဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Hone) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက် များနှင့်အညီ နေထိုင်စေရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများတွင် ကျယ်ကျယ်ပြန့်ပြန့် အသိပေး ကြေညာခဲ့ကြောင်းနှင့် ရပ်ကွက်နှင့်ကျေးရွာများနေ ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်စေရေးနှင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားလာရန်ရှိပါက ပါးစပ်/ နှာခေါင်းစည်း(Mask)တပ်ရန်နှင့် နေအိမ်ပြင်ပ သွားလာရန်အတွက် သက်မှတ်ထားသော ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ဈေးဝယ်ကတ်၊ ဆေးရုံ/ဆေးခန်း သွားလာကတ်၊ ဝင်/ထွက်ခွင့်ကတ်များအား သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ဖြန့်ဝေပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ Mark ကမ်ပိန်းနှင့် ဈေးဝယ်ကတ်၊ ဆေးရုံ/ဆေးခန်းသွားလာ ဝင်/ထွက်ခွင့်ကတ်များ စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုးနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီး မုံရွာတောင်ရပ်ကွက်၊ ဘိုးဘွားရိပ်သာ နှင့် ဒေါနခြံရပ်ကွက်၊ ကန်သာယာကန်တွင် လည်းကောင်း၊ ကျောက္ကာလမ်းမကြီး၊ မြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်


