နေပြည်တော် ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အေးသာယာရပ်ကွက် ဇောင်ကြမ်းပင်ကျောင်းတိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တကုမာရသိရီ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) သက်တော် (၆၇) နှစ်၊ သိက္ခာ (၄၇) ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄) ရက်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက် သောကြာနေ့၊ ည (၁၀) နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်


