တနိုင်း  ၁၆   မေ

ကချင်ပြည်နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဝိုင်းမော်ငါးသားပေါက်စခန်းမှ ငါးသားပေါက် အကောင်အရေအတွက် (၄၀၀၀၀)ကောင် ငါးသားပေါက်အိတ် (၄၄)လုံးအား စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ နောင်ယန်းအင်းအတွင်း ငါးသားပေါက်များ မျိုးစိုက်ထည့်ရန်အတွက် တနိုင်းမြို့ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေမိုးထွန်းထံသို့ ယမန်နေ့နံနက် ၁၀ နာရီ‌ကျော်က လက်ခံရရှိခဲ့ကြောင်း သိရသည်။

 

တနိုင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှ လက်ခံရရှိသော ငါးသားပေါက်များအား အောက်ဆီဂျင်နှင့် ရေလဲလှယ်ပြီး နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ နောင်ယန်းအင်းအတွင်း ၎င်းငါးသောက်ပေါက်များ မျိုးစိုက်ထည့်ရန်အတွက် အသေအပျောက်မရှိ ဦးအောင်သန့်ဇင် (ယာဉ်မောင်း)၊ ပန်ဆောင်အထက်ရပ်ကွက်နေသူအား ယမန်နေ့ ညနေ (၃)နာရီကျော်တွင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း တနိုင်းမြို့ ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေမိုးထွန်းထံမှ သိရှိရသည်။

ဝါဝါ(ပြန်/ဆက်)