စစ်ကိုင်း ၁၁ ဧပြီ

 

ယနေ့နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အင်ကြင်းစုကျေးရွာအုပ်စု၊ ကိုင်းတွင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့  ပုလဲမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ယင်းမာပင်ခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ကန်ထောင့်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မင်းတိုင်ပင်နယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁) စီး၊ ကျားတပ်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ဆားလင်းကြီးမြို့နယ် မီးသတ်ခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ လှော်ကားနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ယင်းမာပင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဉီးစီးမှုးရုံးမှ အုပ်ချုပ်မှုယာဉ် (၁) စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့သည်။

 

ယင်းသို့ ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၅ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း  သိရသည်။

 

MDN

Source > Myanmar Fire Services Department

mdn