နေပြည်တော်  ၇  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်၌ ယမန်နေ့က ငွေကျပ် ၂ ဒသမ ၅၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ယင်းထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် သတင်းအရ နိုဝင်ဘာ ၆ ရက် နံနက် ၄ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ နတ်ထိပ်ကျေးရွာအနီး၊ ပုလဲ-ဂန့်ဂေါ ကားလမ်းတွင် မန္တလေးမြို့မှ တမူးမြို့သို့ ရှေ့ပြေးယာဉ်အဖြစ် ကမ်းစွန်းခွါလ် မောင်းနှင်လာသည့် SUPER CARRY  အမျိုးအစား မော်တော်ယာဉ်နှင့် ပုန်းဆွမ်းဒါလ် မောင်းနှင်လာသည့် Dong Feng အမျိုးအစား မြေသယ်ယာဉ်တို့ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ပုန်းဆွမ်းဒါလ်မောင်းနှင်လာသည့် Dong Feng  အမျိုးအစားမြေသယ်ယာဉ်၏ ကိုယ်ထည်ကြမ်းခင်း အံဝှက်အတွင်းမှ စုစုပေါင်း ငွေကျပ် ၂ ဒသမ ၅၃ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၂၉ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၃၅,၆၀၀  တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ပုန်းဆွမ်းဒါလ်နှင့် ကမ်းစွန်းခွါလ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်