မုံရွာ၊ ၁၈ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်အတူ ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမတွင် မုံရွာမြို့ ဘုရားကြီးရပ်ကွက်ရှိ သိန်းတရာရွှေဆိုင် မိသားစုတို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အလှူငွေကျပ် ၁၃၄၅၀၀၀၀ ကို လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပေးမှုနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အလှူရှင်မိသားစုတို့အား ဝမ်းသာကြည်နူးပီတိ ဖြစ်မိပါကြောင်းနှင့် အားလုံးဝိုင်းဝန်း လှူဒါန်းပေးသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက် သာဓုခေါ်ဆိုပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ထွန်းကိုကို(တိုင်းဒေသကြီး ပြန်/ဆက်)


