မုံရွာ ၁၂ မေ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်း၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းနှင့်အတူ ယနေ့နံနက် ၁၀ နာရီက မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး သလ္လာရတနာခန်းမတွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ စွမ်းအားဖွံ့ဖြိုးကုမ္ပဏီမှ Oxygen Generator နှင့် MMA(Monywa)မှ Video Laryngoscope ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှာစကားပြောကြားပြီး မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၏ တိုးတက်ဖွံ့ဖြိုးရေးနှင့် လူနာများစိတ်ချမ်းမြေ့စွာ ကုသမှုခံယူနိုင်ရေးအတွက် စွမ်းအားဖွံ့ဖြိုးကုမ္ပဏီ ဒေသန္တရ ရေနံချက် လုပ်ငန်းရှင်များအသင်း မိသားစုတို့မှ ငွေကျပ် (၆၇၅) သိန်းတန်ဖိုးရှိ Oxygen Generator နှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းခွဲ (မုံရွာ) MMA(Monywa)မှ ငွေကျပ်(၂၃)သိန်းတန်ဖိုးရှိ Video Laryngoscope တို့နှင့် ပတ်သက်၍ ပိုင်ဆိုင်မှုစာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်လှူဒါန်းရာ မုံရွာမြို့ အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးသိန်းဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကားများပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


