မုံရွာ ၁၇  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး ဉပဒေချုပ် ဉီးခင်မောင်လှနှင့်အတူ စစ်ကိုင်းခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ များ လိုက်ပါ၍ ယနေ့ နံနက် (၈)နာရီက စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး အပြည်ပြည်ဆိုင်ရာ သီတဂူ ဝိပဿနာ အကယ်ဒမီကျောင်း၌ သီတဂူဆရာတော် အရှင်ဉာဏိဿရ အမှူးပြုသော သီတဂူ သာသနာပြုအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့ မလွန်ဈေး ဆန်အလှူအသင်းကြီး တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သော စစ်ကိုင်း မင်းကွန်း မင်းဝံတောင်ရိုးကြီးသုံးရပ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားရိပ်သာ၊ ပရဟိတဂေဟာ၊ အမျိုးသမီးဂေဟာ၊ မသန်စွမ်းဂေဟာတို့အား ဆန်၊ဆီ၊ဆား၊ကြက်သွန်၊ပဲ လှူဒါန်းပွဲသို့ တက်ရောက်လှူဒါန်းခဲ့သည်။

 

0319

 

ယနေ့  ၁၃၈၂ ခုနှစ် သီတဂူနှစ်ဦး ဆန်၊ဆီ၊ဆား၊ကြက်သွန်၊ပဲအလှူတော်တွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကျောင်းပေါင်း(၈၅၁)ကျောင်းတို့မှ ရဟန်း သာမဏေ (၄၆၇၈)ပါး၊ သီလရှင် (၆၀ဝ၀)၊ အဘိုးအဘွား၊ မသန်စွမ်း၊ အမျိုးသမီးဂေဟာ (၂၆၃၃)ခုတို့မှ စုစုပေါင်းအလှူခံပုဂ္ဂိုလ်ပေါင်း (၁၃၃၁၁) ဦးအတွက် သီသဂူဆရာတော်ကြီးမှ အမေရိကန်ဒေါ်လာ တစ်သောင်းနှင့်  ဆန်တင်ပေါင်း (၁၅၂၀ဝ)တင်းအတွက် တန်ဖိုးငွေကျပ် (၃၁၆၀ဝ၀ဝ၀ဝ)၊ ဆီပိသာပေါင်း(၁၆၂၀ဝ)ပိဿာအတွက် တန်ဖိုးငွေကျပ် (၁၂၀၈၀ဝ၀ဝ၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၄၃၆၈၀ဝ၀ဝ၀) သိန်းလေးထောင့် သုံးရာခြောက်ဆယ့်ရှစ်သိန်းကျပ်ကို စုပေါင်းလှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် သာဓုအနုမောဒနာ သုံးကြိမ်ရွက်ဆိုခဲ့ကြကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)

 

0327