မုံရွာ   ၁၀   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ နံနက်(၇)နာရီခွဲက မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်ရှိ သတ္တုတွင်းဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲ ရုံးအဆောက်အဦသစ်နှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦအသစ်ဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်ခဲ့သည်။

 

197

 

ရှေးဦးစွာ ရုံးအဆောက်အဦသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းနှင့် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

097

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က အဆိုပါ ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပတ်ဖျန်းပေးကြကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီး ရုံးအဆောက်အဦအသစ်နှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦအသစ်တို့အတွင်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

89

 

အဆိုပါ ရုံးဝန်းအတွင်းရှိ သတ္တုတွင်း ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲ ရုံးအဆောက်အဦသစ်မှာ အလျားပေ(၈၀)၊ အနံ ပေ (၃၀) (၄)ခန်းတွဲ (၂)ထပ် ဖြစ်ပြီး  ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘတ်ဂျက် ခွင့်ပြုငွေကျပ်သန်း( ၁၀၈ ဒသမ ၈ )သန်းဖြင့် အိမ်ဖြူတော် ကုမ္ပဏီမှ တာဝန်ယူ၍ လည်းကောင်း၊ ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်မှာ အလျားပေ (၈၀) ၊ အနံပေ (၃၀) (၄)ခန်းတွဲ (၂)ထပ် ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘတ်ဂျက် ခွင့်ပြုငွေကျပ်သန်း( ၁၁၀ ဒသမ ဝ )သန်းဖြင့် ကြယ်နတ်သမီးကုမ္ပဏီမှ တာဝန်ယူ၍ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

963.

 

ထွန်းကိုကို(ယင်းမာပင်)