မုံရွာ၊ ၂၆  ဇန်နဝါရီ 

COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ အလှူငွေပေးအပ်ပွဲကို ဇန်နဝါရီ  ၂၆  ရက် နံနက် ၉ နာရီခွဲက ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးနှင့် ဖိတ်ကြားထားသော အလှူရှင်များ တက်ရောက်ကြသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်က အလှူရှင် မုံရွာမြို့ ဉီးပြည့်ဖြိုးလှိုင်+ဒေါ်နိုင်နိုင်မော် သား-မောင်ရဲသံလွင်၊ သမီး-မမေသံစဉ်ချို (နေ-လ ကွမ်းစားနှပ်ဆေးနှင့် သန့်စင်ပြီး ပျားရည်စက်ရုံ) မိသားစု၏ မတည်ငွေကျပ် သိန်း ၃၀၀ နှင့် ဝန်ထမ်း များ၏ ထည့်ဝင်လှူဒါန်းငွေကျပ် ၅၃၀၀၀၀ စုစုပေါင်း အလှူငွေကျပ် ၃၀၅၃၀၀၀၀ အား လက်ခံရယူပြီး အလှူရှင်များအတွက် များစွာကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်သာဓုခေါ်ဆိုပါကြောင်း ပြောကြားခဲ့သည်။
    
ထွန်းကိုကို(တိုင်းဒေသကြီး ပြန်/ဆက်)