မုံရွာ ဇူလိုင် ၄

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းစက်မှုဇုန်ရှိ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ပြည်တွင်းလုပ်သား ၂၀၀ ကျော်ဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် တစ်ရက်လျင် ၂၁ ပိဿဝင်၊ ချည်အိတ် ၄၅ အိတ်ထုတ်လုပ်နိုင်သည့် အောင်စိန် ချည်မျှင်စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ချည်လုံး၊ ချည်ငင်၊ ချည်ကျစ်၊ ချည်ကတော့ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ကုန်ကြမ်းသိုလှောင်ရုံတို့အား လိုက်လံရှင်းလင်းပြသသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထုတ်ကုန်များအား ပြည်တွင်းပြည်ပဈေးကွက်သို့ ဈေးနှုန်းမှန်ကန်သင့်တင့်စွာဖြင့် တင်ပို့ရောင်းချနိုင်ရေး၊ ကုန်ကြမ်းအဆင်ပြေစွာရရှိရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် MSMEs လုပ်ငန်းများဆောင်ရွက်နေသည့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ ဝါကြိတ်စက် ၃ လုံးဖြင့် တစ်ရက်လျှင် ဝါပိဿချိန် ၄၅၀၀ ကြိတ်ခွဲထုတ်လုပ်နေသည့် မြင့်မိုရ်ဦး ဝါကြိတ်စက်သို့ ရောက်ရှိရာ စက်ရုံလုပ်ငန်းရှင်မှ ဝါကြိတ်ခွဲထုတ်ထုပ်နေမှုများ အားလိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် MSMEs လုပ်ငန်းများဆောင်ရွက်နေသည့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ စိန်ကြည် ဂျုံခေါက်ဆွဲစက်ရုံသို့ ရောက်ရှိရာ စက်ရုံလုပ်ငန်းရှင်မှ ဂျုံခေါက်ဆွဲခြောက် အမျိုးမျိုးထုတ်လုပ်နေမှု၊ သိုလှောင်ထားရှိမှုနှင့် ထုတ်ပိုးနေမှုများများအား လုက်လံရှင်းလင်းပြသပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး၍ ပတ္တမြားရပ်ကွက်ရှိ ရွှေမန်းသန်းနိုင် စက်မှုလက်မှု သစ်သားစည်လုပ်ငန်း၏ သစ်သားစည်ထုတ်လုပ်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)