မုံရွာ ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ်၊ ဒီဇင်ဘာအားစားလ ပထမအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း အရှေ့ဘက်ရှိ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နေပြည်သူများ၊ အားကစားချစ်မြတ်နိုးသူများ တက်ရောက် ကြပြီး စုရပ်နေရာဖြစ်သည့် ပြည်သူ့အားကစားကွင်းရှေ့ ဗိုလ်ချုပ်လမ်းမှစတင်၍ ကန်သာယာ ရာပြည့်ကပ်ကျော်စေတီတော်ကြီးအထိ ပြည်သူနှင့်ဌာနဆိုင်ရာ စုစုပေါင်းအင်အား ၂၅၀၀ ကျော်က အသွားအပြန် တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း ကိုယ်ကာယလေ့ကျင့်ခန်း အတွဲ ၁ ၊ ၂ နှင့် Fitness Dance တို့ကို တစ်ပျော်တစ်ပါး စုပေါင်းပြုလုပ်ကြပြီး စားသောက် ဖွယ်ရာများ ကျွေးမွေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်သူ့အားကစားကွင်း အတွင်း ကျင်းပသော ဒီဇင်ဘာအားကစားလ အားကစားပြိုင်ပွဲများ ကျင်းပနေမှုတို့ကို လိုက်လံ ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသား လွန်ဆွဲပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသူများကို ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူးက အမျိုးသား ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမျိုးသမီး အာလူးကောက်အပြေးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)