မုံရွာ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ကျန်းမာရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ၌ ကျင်းပသည်။  

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျေးဇူးတင်စကား ပြောကြားသည်။ 

ယင်းနောက် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူးက ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ မြန်မာနိုင်ငံ ကြက်ခြေ နီအသင်းကိုယ်စား တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ကျန်းမာရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး က တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အောက် ဆီဂျင်ဆလင်ဒါအိုး၊ PPE ဝတ်စုံ၊ Mask ၊ ခြင်ထောင်များ အပါအဝင် ကျန်းမာရေး သုံးပစ္စည်း ၂၂ မျိုး၊ စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၁၂၄၉,၂၄,၀၀၀ (တစ်ထောင့်နှစ်ရာ လေးဆယ်ကိုးသိန်း နှစ်သောင်းလေးထောင်ကျပ်) ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်