မုံရွာ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ(၁၉)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံး အစည်း အဝေးခန်းမတွင်  တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့် က မုံရွာမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် သောက်သုံးရေသန့် ရရှိရေးများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ နိုင်လွန်ကတ္တရာစက်ရုံသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက အိန္ဒိယနိုင်ငံမှ ထုတ်လုပ် သည့် APOLLO DM 60 စက်အမျိုးအစားဖြစ်ပြီး စက်စွမ်းအား တစ်နာရီ AC တန် ၆၀ ထွက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ဖိုး ၃၇၂.၅ သန်းဖြင့်ဝယ်ယူ၍ မုံရွာမြို့အတွင်းရှိ လမ်းများအား အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီချုပ်က တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ နိုင်လွန် ကတ္တရာစက်ရုံနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိုင်လွန်ကတ္တရာစက်ရုံ လုပ်ငန်းလည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ထန်းတော ရပ်ကွက်ရှိ အောင်မဟာလမ်း၊ လမ်းအရှည် - ၅၄၈၈ ပေ၊ အကျယ် - ၂၂ ပေ၊ ၃ လက်မခွဲထု နိုင်လွန်ကတ္တရာခင်းကျင်းနေမှု၊ နန္ဒဝန်ရပ်ကွက်ရှိ၊ တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနရုံးရှေ့ လမ်းအရှည် -  ၃၉၂ ပေ၊  အကျယ် - ၁၈  ပေ၊  ၉  လက်မထု  ကွန်ကရစ်လမ်း  ခင်းကျင်းနေမှုနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာရုံးများ ပတ်ဝန်းကျင်ရှိ လမ်း- ၂၂ လမ်းအား အကျယ် - ၁၆ ပေ ၉ လက်မ ထု ကွန်ကရစ်လမ်းခင်းကျင်းနေမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် သလ္လာဝတီ ရပ်ကွက်ရှိ Aqua Pura Co,Ldt နှင့်ပူးပေါင်း၍ B.O.D စနစ်ဖြင့်အကျိုးတူ သောက်သုံးရေသန့်ပေးဝေရေးစက်ရုံသို့ ရောက်ရှိရာ မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမူဆောင်အရာရှိ ဦးထွန်းထွန်းက Aqua Pura Co,Ldt နှင့်ပူးပေါင်း၍ မုံရွာမြို့အတွင်း သောက်သုံးရေသန့်ပေးဝေရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ်  လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရေပေးဝေရေးစက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။  

အဆိုပါ မုံရွာမြို့အတွင်း သောက်သုံးရေသန့် ပေးဝေနေမှုမှာ ချင်းတွင်းမြစ်မှ ရေတင်၍ ရေသန့် စင်စနစ်ဖြင့် အဆင့်ဆင့်သန့်စင်ပြီး မုံရွာမြို့ပေါ်ရှိ ရပ်ကွက် - ၁၈ ရပ်ကွက်၊ အိမ်ခြေ - ၁၀၂၇၇ အိမ်အား သောက်သုံးရေသန့် ဖြန့်ဝေပေးလျက်ရှိကြောင်း သတင်းရရှိသည်။
    
တိုင်းဒေသကြီး (ပြန်/ဆက်)