မုံရွာ အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က မုံရွာမြို့အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် မြို့သန့်ရှင်း သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ရုံးကြီးလမ်း၊ မြစန္ဒာရုပ်ရှင်ရုံမှ နာရီစင်အထိ အရှည် ၁၆၀၀ ပေအား အကျယ် ၂၄ ပေ၊ ၃ ဒသမ ၅ လက်မထု နိုင်လွန်ကတ္တရာ ခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ မုံရွာမြို့၊ မြို့ဝင်မုခ်ဦးအနီး နယ်မြေခံ တပ်မတော်သားများ၊ မီးသက်တပ်ဖွဲ့ဝင်များ၊ လူမူရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ မုံရွာ - မန္တလေး ရထားလမ်းနှင့် ကားလမ်း ဘေးဝဲ/ယာရှိ ခြုံနွယ်များ ရှင်းလင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး မုံရွာမြို့၊ နို့စားနွားမွေးမြူရေးဇုန်၌ အရှည် ၂၁၆၀ ပေကို အကျယ် ၁၈ ပေ၊ ၉ လက်မထု ကွန်ကရစ်လမ်းခင်းကျင်း ပြီးစီးမှုအခြေအနေကို တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူ ဆောင်ရွက်နေသော မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ ရုံးများဝန်းကျင်ရှိ ကွန်ကရစ်လမ်း ၂၀ လမ်း၊ ကတ္တရာလမ်း ၂ လမ်း၊ စုစုပေါင်း ၂၂ လမ်း အရှည် ၃ မိုင် ခင်းကျင်းနေမှုနှင့် ကွန်ကရစ်တံတား ၂၂ စင်း ဆောက်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လမ်းတံတားများ အရည်အသွေး ကောင်းမွန်စေရေး၊ စံချိန်စံညွှန်းမီ ဖြစ်စေရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကန်သာယာ အရှေ့ဘက်ကန်ရှိ မြို့ရာပြည့်စေတီတော်ကြီး ရင်ပြင်တော် ကွန်ကရစ် ခင်းကျင်းနေမှုနှင့် ပြည်ထောင်စုကျွန်း တံတားအမှတ် (၁) အရှည် ၄၀ ပေ၊ အကျယ် ၃၅ ပေ၊ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့ (၂) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာစိုးက တံတားတည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ လွတ်လပ်ရေးကျွန်း တံတားအမှတ် (၂) အရှည် ၄၀ ပေ၊ အကျယ် ၃၀ ပေ၊ သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)