မုံရွာ နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ်အား ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး အတွက် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်း အဖွဲ့များ၊ ဆရာ/ဆရာများ၊ ဝန်ထမ်းများနှင့် သင်တန်းသား/သင်တန်းသူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ကြသည်။
စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လုပ်ငန်း ဆောင်ရွက်နေကြသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာပညာရေး ဒီဂရီကောလိပ် အတွင်း တည်ဆောက်လျှက်ရှိသော သင်တန်းသား ၂၀၀ ဆံ့ RC ကွန်ကရစ် ၄ ထပ်ဆောင် အဆောက်အဦ သစ်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီ တည်ဆောက်ပြီးစီးရေး၊ လုံခြုံရေးအသိ၊ သတိတို့ဖြင့် ဆောင်ရွက်ရေးကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)