မုံရွာ ၅ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ခရိုင်အဆင့်တာဝန်ရှိသူများလိုက်ပါ၍ ဩဂုတ် ၅ ရက် နံနက် ၁၁ နာရီက စစ်ကိုင်းတက္ကသိုလ်သို့ရောက်ရှိပြီး ဝိဇ္ဇာအဆောင်(၄)အတွင်းရှိ ပြတိုက်ငယ်အားကြည့်ရှုအားပေးပြီး စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဝန်ထမ်းများအားတွေ့ဆုံပွဲကို ဆက်လက် ကျင်းပခဲ့သည်။
ထို့နောက် စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဇော်ဝင်းက တက္ကသိုလ်နှင့် ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ်ချက်များအားရှင်းလင်းတင်ပြရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတက္ကသိုလ်ကျောင်းအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် တာဝန်ရှိသူများနှင့် ပေါသ်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ထားရှိသော ဗန်မောက်မြို့နယ်ဇလုံတောင်၊ ကန့်ဘလူမြို့နယ် လင်းနို့ဂူ၊ အင်းတော်မြို့နယ် ဂျပန်မြေအောက်ဆေးရုံ၊ အင်ဒေါင်း လင်းပိုင်ထိန်းသိမ်းရေးစခန်း စသည့် ခရီးသွားဇုန်များဖြစ်သော စစ်ကိုင်း၊ မုံရွာ၊ ကသာ၊ ယင်းမာပင်၊ ခန္တီး၊ ရွှေဘို စသည့်ခရိုင်များအတွင်း လှည့်လည်လေ့လာကြည့်ရှုပြီး တက္ကသိုလ်ပြတိုက်ငယ်ကိုလည်း ပိုမိုအောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ တက္ကသိုလ်ပြတိုက်ငယ်တွင် ကျောက်ခေတ်၊ ကြေးခတ်နှင့် ပျူခေတ် အသုံးဆောင်ပစ္စည်းများနှင့် အရိုးစုများ၊ ဇာထိုး၊ ပန်းထိုးနှင့် ရှေးဟောင်းပန်းချီကားချပ်များကို ခင်းကျင်းပြသထားကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


