မြင်းမူ ၁၁ မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် စိုင်မြစ်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား မေလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဆန်ရိက္ခာနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

173

 

စိုင်မြစ်ကျေးရွာတွင် မေလ(၈)ရက်နေ့ ညနေပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နေအိမ်(၄၅)လုံး မီးလောင်ကျွမ်းခဲ့ရာ အိမ်ထောင်စု (၅၂)စု မီးဘေးသင့်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ  မီးဘေးသင့်အိမ်ထောင်စုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိ သူများက တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အိမ်ထောင်စု(၅၂)စု အတွက် ဆန်၊ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၆၁၈၀၁၀ဝ၊ တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ အိမ်ထောင်စု (၅၂)စု အတွက်  ဆန်၊ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၆၁၀ဝ၀ဝ၀ ၊စုစုပေါင်းငွေကျပ်  ၁၂၂၈၀၁၀ဝ  ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

အောင်စိုးဖေ(မြင်းမူ)

 

592