ကသာ အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲအတွက် ခရိုင်အသင်းလူရွေးပွဲကို အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက ကသာမြို့ ဧရာရွှေလီအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နိုဝင်ဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်မည့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ကသာခရိုင်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ခရိုင်အတွင်းရှိ ကသာ၊ ထီးချိုင့်၊ ဗန်းမောက်နှင့် အင်းတော်မြို့နယ်များရှိ အသက် ၁၆ နှစ်အောက် ဖူဆယ် ကစားသမားများထဲမှ အကောင်းဆုံး ကစားသမားများကို ရွေးချယ်ကာ အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)