ဘုတလင်  ၂၈  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် Community Based Facility Quarantine အဖြစ် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို မတ်လ(၂၇) ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။

 

228

 

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဖြိုးကျော်အောင်က COVID-19 ရောဂါပိုးရှိသူများ တွေ့ရှိလာပါက ပြည်သူ့ဆေးရုံကြီးတွင်  သီးသန့်ကုသမှုပေးမည့် Quarantine Ward နှင့် Isolation Room များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူ(၁၃)ဦးအား မြဝတီခန်းမတွင် Community Based Facility Quarantine အဖြစ် ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်မိုးလွင်က ပြန်လည်ရောက်ရှိ လာသူများအား နေထိုင်ရေးနှင့် စားသောက်ရေး စီစဉ်ပေးထားမှုကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက PPE ဝတ်စုံ(၁၀)စုံ၊ အပူချိန်တိုင်းကိရိယာများနှင့် Mask များကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

 

328

 

ထို့နောက် တိုင်းဒေသကြီးလူမှုရေးဝန်ကြီးသည် မြောက်ကျီကျေးရွာ၊ အလက(ခွဲ)နှင့် လွှဲတဲကျေးရွာ၊ မူလွန်ကျောင်းတို့တွင် Community Based Facility Quarantine အဖြစ် ပြင်ဆင်ဆောင်ရွက်နေမှုအခြေ အနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)