စစ်ကိုင်း ၁၆ မေ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ထောက်ပံ့ပေးအပ်သည့် 13 H P အပေါ့စား မီးသတ်စက်(၂)လုံး လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းက စစ်ကိုင်းမြို့ နယ်တွင် မင်းရွာကျေးရွာနှင့် ကိုင်းပြင်ကျေးရွာများတွင် မီးသတ်စက်(တစ်)လုံးစီရရှိခဲ့ပြီး မီးဘေး အန္တရာယ်များတွင် လွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်ရာ လက်ရှိကျေးရွာများသည်လည်း သွားလာရေးခက်ခဲသည့် နေရာများဖြစ်ပြီး ဦးစားပေးအနေဖြင့် ရွေးချယ်ပေးရခြင်းဖြစ်ကြောင်း ကျေးရွာပြည်သူ များအနေဖြင့်လည်း စနစ်တစ်ကျ ကိုင်တွယ်အသုံးပြုဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
"တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ကျွန်တော်တို့ စစ်ကိုင်းခရိုင်အတွင်း စစ်ကိုင်းမြို့နယ်မှာဆို ကျေးရွာ(၂)ရွာ ရရှိပါတယ်၊ မြင်းမူမြို့နယ်တွင်းမှာတော့ ကျေးရွာ(၁၄)ရွာ ရရှိပါတယ်၊ မြောင်မြို့နယ်မှာတော့ ကျေးရွာ(၂)ရွာ ရရှိပြီး ခရိုင်အတွင်း စုစုပေါင်း(၁၈)လုံးရရှိပါတယ် မီးသတ်စက်ရရှိကြတဲ့ ကျေးရွာတွေကိုလည်း လိုအပ်သည့် အကူအညီများ ပေးအပ်သွားမှာဖြစ်ပါတယ်" ဟု ခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးကျော်ကျော်နိုင်က ပြောပြခဲ့သည်။
ဇော်မြင့်နိုင်


