မုံရွာ  ၁၉  ဇွန်

             

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာကန်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ နံနက် ၇ နာရီက ကျင်းပရာ  စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

           

 

ရေချိုငါးမျိုးစိတ်များ ပြုန်းတီးမှု မရှိစေရန်၊ ဆည်များ၏ ရေလွှတ်မြောင်းများမှတစ်ဆင့် လယ်ကွင်း များနှင့် ရိုး၊ ချောင်းများ အတွင်းသို့ ရေချိုငါးမျိုးစိတ်များ ပျံ့နှံ့ရောက်ရှိစေခြင်းဖြင့် ရေချိုငါး မျိုးစိတ်များ တိုးပွားလာစေရန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ ငါးစားသုံးမှုမြင့်မားလာဖြစ်စေရန် ငါး/ပုဇွန် များကို လွှတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

           

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက မုံရွာမြိုံ ကန်သာယာကန် အတွင်းသို့ ငါးခုံးမကောင်ရေ ၉၀ဝ၀ဝ၊ ငါးမြစ်ချင်း ကောင်ရေ ၁၀ဝ၀ဝ၀ နှင့် ငါးသားလောက် ကောင်ရေ ၁၀ဝ၀ဝ   စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၂၀ဝ၀ဝ၀ ကို မျိုးစိုက် ထည့်ပေးခဲ့ကြောင်း သိရသည်။

           

 

အလားတူ ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်အတွင်းသို့ တောင်ပေါ်ငါးသားလောက် ကောင်ရေ ၂၀ဝ၀ဝ၊ ငါးခုံးမ ကောင်ရေ ၈၀ဝ၀ဝ ၊ ငါးမြစ်ချင်းကောင်ရေ ၁၀ဝ၀ဝ၀၊ ငါးပြေမကောင်ရေ ၂၀ဝ၀ဝ နှင့် ရေချိုပုဇွန် ကောင်ရေ ၂၁၀ဝ၀ စုစုပေါင်း ၂၄၁၀ဝ၀ ကောင်အား မျိုးစိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။

 

 

ဝင်းဦး(ဇေယျာတိုင်း)