မုံရွာ ၂၆ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စားဖိုဆောင်သီးနှံ ကြက်သွန်နီနှင့် ကြက်သွန်ဖြူသီးနှံ ဧက(၅၅၀၀၀)ကို စိုက်ပျိုးသွားနိုင်ရေး ပျိုးထောင်ခြင်း၊ မြေပြင်ဆင်ခြင်း လုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ တင်မာမာဦးထံမှ သိရသည်။
ကြက်သွန်နီ(၄၂၇၅၀)ဧကနှင့် ကြက်သွန်ဖြူ(၁၂၂၅၀)ဧကကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၁၀) ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များတွင် ယခုဘဏ္ဍာရေးနှစ် ဆောင်းသီးနှံ စိုက်ပျိုးချိန်တွင် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
စားဖိုဆောင်သီးနှံအဖြစ် စစ်ကိုင်းခရိုင်အတွင်း ကြက်သွန်နီ (၅၈၀၇)ဧကနှင့်ကြက်သွန်ဖြူ (၁၉၅) ဧက အားလည်းကောင်း၊ ကသာခရိုင်အတွင်း ကြက်သွန်နီ (၂၅၉၂)ဧကနှင့်ကြက်သွန်ဖြူ (၁၄၃၄)ဧကအား လည်းကောင်း၊ ကလေးခရိုင်အတွင်း ကြက်သွန်နီ (၃၃၇၂) ဧကနှင့်ကြက်သွန်ဖြူ (၂၅၂၈)ဧကအား လည်းကောင်း၊ တမူးခရိုင်အတွင်း ကြက်သွန်နီ (၃၆၆)ဧကနှင့်ကြက်သွန်ဖြူ (၈၈) ဧက အားလည်းကောင်း၊ မုံရွာခရိုင်အတွင်း ကြက်သွန်နီ (၉၆၄၅)ဧကနှင့်ကြက်သွန်ဖြူ (၃၄၄)ဧက၊ ယင်းမာပင် ခရိုင်အတွင်း ကြက်သွန်နီ (၈၃၅၄)ဧကနှင့် ကြက်သွန်ဖြူ(၁၅၀၃)ဧက အားလည်းကောင်း၊ ရွှေဘိုခရိုင်အတွင်း ကြက်သွန်နီ(၁၁၃၃၁)ဧကနှင့်ကြက်သွန်ဖြူ (၅၂၅၄)ဧကအားလည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်း ကြက်သွန်နီ (၁၇၂) ဧကအားလည်းကောင်း၊ မော်လိုက်ခရိုင်အတွင်း ကြက်သွန်နီ (၆၄၇)ဧကနှင့် ကြက်သွန်ဖြူ (၄၈၇)ဧကအားလည်းကောင်း၊ ခန္တီးခရိုင်အတွင်း ကြက်သွန်နီ (၂၉၀)ဧကနှင့် ကြက်သွန်ဖြူ (၁၅၅)ဧကအား လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကြက်သွန်နီ(၁၇၄)ဧကနှင့် ကြက်သွန်ဖြူ (၂၆၂) ဧကအားလည်းကောင်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


