မုံရွာ ၁၀  ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အသင်းများအား အလံပေးအပ်ပွဲနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ ကတိသစ္စာခံယူပွဲကို ယနေ့ နံနက် ၉ နာရီက မုံရွာမြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက အဖွင့်အမှားစကားပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဒေါ်ယုယုမေက ဆက်လက်အမှာစကား ပြောကြားခဲ့သည်။

 

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၏ တိုင်းအဆင့်၊ခရိုင်အဆင့်၊မြို့နယ်အဆင့် ဖွဲ့စည်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တိုင်းဒေသကြီးအဆင့် အသင်းဥက္ကဋ္ဌ ဒေါ်မာမာဝင်းက ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဒေါ်ယုယုမေက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းအဆင့်၊ခရိုင်အဆင့်၊မြို့နယ်အဆင့် ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့ထံသို့ အလံများ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များအား အတည်ပြုတာဝန်ပေးအပ်လွှာများပေး၊ အသင်းဖွဲ့စည်းပုံစာအုပ်များနှင့် ရင်ထိုးတံဆိပ်များတို့ကို အသီးသီးလက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

 

Slide

 

ယင်းနောက် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို)၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသန်းထွန်းမြင့်မှ ဦးဆောင်တိုင်ပင်ကာ တိုင်းအဆင့်၊ ခရိုင်အဆင့်၊မြို့နယ်အဆင့် ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များတို့က စုပေါင်း ကတိသစ္စာခံယူခဲ့ကြသည်။

 

ဆက်လက်ပြီး မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း (ဗဟို)၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မြသီတာက ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (စစ်ကိုင်းတိုင်းဒေသကြီး)အတွက် အလှူရှင် G-Bank ဥက္ကဋ္ဌ ဒေါ်နန်းလင်းလင်းထွန်း က ငွေကျပ် သိန်း(၂၀)ကိုလည်းကောင်း၊ အောင်အောင်သော် ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအာကာက ငွေကျပ်(၁၀) သိန်းတို့လည်းကောင်း ထောက်ပံ့ငွေများပေးအပ်ရာ တိုင်းဒေသကြီးအဆင့် အသင်းဥက္ကဋ္ဌ ဒေါ်မာမာဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။

 

ယင်းနောက် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဒေါ်ယုယုမေက နိဂုံးချုပ်အမှာစကားပြောကြားပြီး  စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်တင့်တင့်၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများက အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြောင်း သိရသည်။

 

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် တာဝန်ရှိသူများသည် နံနက် (၈)နာရီက မုံရွာမြို့ သလ္လာရပ်ကွက် ပေ(၈၀) လမ်းတွင် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းရုံး ဆိုင်းဘုတ်တင်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)

 

Slide1