မုံရွာ  ၂၄  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နွေးစပါးဧက ၃၇၅၀၀၀ ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နွေသီးနှံစိုက် ရာသီတွင် စိုက်ပျိုးသွားရန်လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာတင်မာမာဦး၏ ပြောကြားချက်အရသိရသည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နွေစပါးစိုက်ရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ် (၃)ခုတွင်(၁၀၁၂၇)ဧက၊ မုံရွာခရိုင်အတွင်းရှိမြို့နယ်(၄)ခုတွင် ဧက(၅၀၀၀)၊ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ် (၄)ခုတွင် ဧက(၃၃၆၀)၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်(၆)ခုနှင့်မြို့(၁)ခုတွင် (၂၆၉၃၂၉)ဧက၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်(၂)ခုတွင် ဧက ၃၃၀၀၀၊ ကသာခရိုင်အတွင်းရှိမြို့နယ်(၇)ခုတွင် ဧက(၃၀၀၀၀)၊ ကလေးခရိုင်အတွင်းရှိ မြို့နယ် (၃)ခုတွင် ဧက ၃၇၀၀၊ မော်လိုက်ခရိုင်အတွင်းရှိ မြို့နယ်(၂)ခုတွင် (၉၂၇၅)ဧက၊ တမူး ခရိုင်အတွင်းရှိ မြို့နယ်(၁)ခုနှင့် မြို့နယ်ခွဲ(၂)ခုတွင် ဧက(၅၀) ၊ ခန္တီးခရိုင်အတွင်းရှိ မြို့နယ် (၂)ခုတွင် (၁၁၁၅၉)ဧက အားလည်းကောင်း စိုက်ပျိုးသွားမည်ဖြစ်သည်။

 

“နွေစပါးကို အဓိကအားထားစိုက်ရတဲ့ သဖန်းဆိပ်ဆည်ရေက ပြီးခဲ့တဲ့နှစ်က ရေဝင်ရောက်မှု နည်း ခဲ့တဲ့အတွက် ဧက ခြောက်သောင်းကျော်လောက်ပဲ စိုက်နိုင်ခဲ့တယ်၊ အခုနှစ် နွေစပါး စိုက်ရာသီမှာတော့ ရှိတဲ့ ဆည်ရေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် ဆည်မြောင်းနဲ့စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ တင်မာမာဦးက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နွေးစပါးသီးနှံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဧက(၃၆၉၄၉၀) အား လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် (၆၂၉၁၈)ဧကအားလည်းကောင်း စိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသsည်။

 

ဝင်းဦး(ဇေယျာတိုင်း)