ဇူလိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး ခရိုင်များမှ ကလေး၊ ကန့်ဘလူနှင့် မုံရွာခရိုင်တို့တွင် ဈေးအနည်းငယ်တက်နေပြီး ကျန်ခရိုင်များတွင် ဈေးအေးနေသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင်လ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၉၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၅၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊နွေစပါး(ရွှေဝါထွန်း) စပါးတင်း (၁၀၀) လျှင် ကျပ် ၁၅၅၀၀၀၀၊ နွေစပါး (ရွှေဝါထွန်း)(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၄၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေသည်။
ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၅၀၀၀၀၀၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁၅၅၀၀၀၀၊ နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၄၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း ၁၀၀ လျှင် ၁၉၀၀၀၀၀၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၂၀၀၀၊ ငစိန်(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၈၀၀၀၀၀၊ ငစိန် (ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၀၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၉၀၀၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ (၂) (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၉၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၆၅၀၀၀၀၊ ဆင်းဧကရီ - ၃ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၂၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၃၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၃၀၀၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၅၀၀၀၀၀၊ ဧရာမင်း (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၇၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၉၀၀၀၀၀၊ မနောသုခ (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၄၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၇၅၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၉၈၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ရွှေဝါထွန်း (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ ဇူလိုင်လ(ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၉၉၀၀၊ မကွေးသို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ ကချင်သို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ (၆၄၀၀၀) အိတ်၊ တန်အားဖြင့် (၃၂၀၀) ထွက်ရှိခဲ့ပြီး ယခု ဇူလိုင်လ (တတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၄၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၉၄၀၀၊ မကွေးသို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ ကချင်သို့ အိတ်ရေ ၃၀၀ စုစုပေါင်းအိတ်ရေ ၆၁၃၀၀ အိတ်၊ တန်အားဖြင့် ၃၀၆၅ တန် စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ ၂၇၀၀၊ တန်အားဖြင့် ၁၃၅ တန် လျော့နည်းစီးထွက်ခဲ့သည်။
Myanmar Digital News (MDN)
Credit - စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်း)