ရွှေဘို ၃၀ ဒီဇင်ဘာ 

 

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်၊ စတုတ္ထနှစ်ဘီဒီအက်စ် (၁/၂၀၁၈) သင်တန်းအောင်မြင်ပြီးသော ကျောင်းသား/ကျောင်းသူ (၁၅၄)ဦး၊ အလုပ်သင်ဆရာဝန် (၃၀)နှင့် အုပ်ချုပ်သူဆရာ/ဆရာမ (၂၁)ဦး စုစုပေါင်း (၂၀၅)ဦး ပါဝင်သောအဖွဲ့သည် ဒီဇင်ဘာ ၂၄ မှ ၂၉ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ  ရွှေဘိုမြို့ နယ်၊ ဝက်လက်မြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်များသို့ သွား ရောက်၍ ပြည်သူ့အကျိုးပြု သွားနှင့်ခံတွင်း စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြရာ ဒေသခံ (၃၀၂၉)ဦးအား ပညာပေးဟောပြောခြင်း၊ (၃၆၀၁) ဦးအား သွားနှင့် ခံတွင်း စစ်တမ်းကောက်ယူခဲ့၍ သွားနှင့်ခံတွင်း ဝေဒနာရှင် (၂၁၇၁)ဦးတို့အား အခမဲ့ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ ကျောင်းသား/ကျောင်းသူများနှင့် အလုပ်သင်ဆရာဝန်များ၊ ဆရာ/ဆရာမများသည် သင်ရိုးညွှန်းတမ်း လိုအပ်ချက်အရ ပါမောက္ခချုပ်၏ လမ်းညွှန်မှု၊ အဖွဲ့ခေါင်းဆောင် ဆရာ/ဆရာမတို့၏ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ယခုကဲ့သို့ ကွင်းဆင်းသွားရောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)