မုံရွာ ၈   ဒီဇင်ဘာ

 

၂၀၁၉-၂၀၂၀ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်းများအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေမှ ငွေကျပ် (၈၈၁၇ ဒသမ ၅၀ဝ) သန်း အကုန်အကျခံ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဘုန်းကျော်စိန်၏ ပြောကြားချက်အရ သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိကဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်၊ မူးမြစ်၊ မြစ်သာမြစ်နှင့် အခြားမြစ်ချောင်းများ တစ်လျောက်ရှိ ကျေးရွာများ၊ စိုက်ပျိုးမြေများ၊ ကမ်းပါးပြိုကျမှု အန္တရာယ်ဖြစ်နိုင်သော နေရာများ၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများအဖြစ် ချင်းတွင်းမြစ်တွင် ကမ်းပြို ကာကွယ်ရေးလုပ်ငန်း (၁၆)ခုအား ငွေကျပ်(၂၄၁၀)သန်းဖြင့် လည်းကောင်း၊ ဧရာဝတီမြစ်တွင် ကမ်းပြို ကာကွယ်ရေးလုပ်ငန်း(၁၀)ခုအား ငွေကျပ်(၁၄၁၀)သန်းဖြင့် လည်းကောင်း၊ မူးမြစ်အတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်း (၅)ခုအား ငွေကျပ်(၁၃၅၀)သန်းဖြင့် လည်းကောင်း၊ မြစ်သာမြစ်အတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း (၁)ခုကို ငွေကျပ် သန်း(၅၀ဝ)ဖြင့် လည်းကောင်း၊ ရွှေလီမြစ်အတွင်း  ကမ်းပြိုကာကွယ်ရေးလုပ်ငန်း(၁)ခုကို ငွေကျပ် သန်း(၂၀ဝ)ဖြင့် လည်းကောင်း၊ ပုထိုးလုံးချောင်းအတွင်း ကမ်းပြိုကာကွယ်ရေးလုငန်း (၃)ခုကိုငွေကျပ် သန်း(၅၀ဝ)ဖြင့် လည်းကောင်း၊ ဒေါင်းမြူးချောင်းအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း(၅)ခုကို ငွေကျပ် (၂၈၈) သန်းဖြင့် လည်းကောင်း၊ အခြားချောင်းများတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း (၁၅)ခုကို ငွေကျပ် (၂၁၅၉ ဒသမ ၅) သန်းဖြင့် လည်းကောင်း ယခုဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)