မုံရွာ ၈ ဖေဖော်ဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၇ မြို့နယ်၌  နွေရာသီတွင် သောက်သုံးရေ လုံလောက်စွာရရှိနိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရေရရှိရေးလုပ်ငန်း ၁၈၁ ခု ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ မြို့နယ်၃၇မြို့နယ်၌ ရေရှားပါးမှုဖြစ်နိုင်သော ကျေးရွာများအား ပြည်ထောင်စုဘတ်ဂျက်ဖြင့် တွင်းတိမ် နှစ်တွင်း၊ တွင်းနက် ၈၂ တွင်း၊ လက်တူးတွင်း သုံးခြင်း၊ ရေကန်တစ်ကန်၊ စိမ့်စမ်းရေသွယ်တန်းခြင်း ၂၃ ခု၊ အခြား ဆက်စပ်လုပ်ငန်း ၁၄ ခု စုစုပေါင်း ၁၂၅ ခုအတွက် ခန့်မှန်း ကုန်ကျငွေကျပ် ၂၄၀၈ဒသမ၆၈၈၆သန်းဖြင့်လည်းကောင်း၊  တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် တွင်းတိမ် တစ်တွင်း၊ တွင်းနက် ၃၄ တွင်း၊ လက်တူးတွင်း တစ်တွင်း၊ စိမ့်စမ်းရေသွယ်တန်းခြင်း ၁၄ ခုနှင့် အခြားဆက်စပ်လုပ်ငန်း  ခြောက်ခု စုစုပေါင်း ၅၆ ခုအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၉၁၈ ဒသမ ၉၈ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။

မွှေးကြူဇင်