မုံရွာ ၂၉ ဖေဖော်ဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဆောင်းသီးနှံနှင့် မိုးကြိုသီးနှံများဖြစ်သော ပဲတီစိမ်း၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ကုလားပဲ၊ မတ်ပဲနှင့် အခြားသီးနှံများကို တောင်သူများထံသို့ မျိုးကောင်းမျိုးသန့်များကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။ 

ခရိုင်အလိုက် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးမှုမှာ စစ်ကိုင်းခရိုင်တွင် ပဲတီစိမ်း ၁၅၀ ဒသမ သုညတင်း၊ နှမ်း ၁၉၆၂ ဒသမ ၅၀ တင်း၊ မြေပဲ ၁၄၄၆၄၂ တင်း၊ နေကြာ ၂၇၆၂ တင်း၊ ကုလားပဲ ၉၆၈၀ တင်း၊  မတ်ပဲ ၃၁၆ ဒသမ သုညတင်း၊ အခြားပဲမျိုးစုံ ၇၅ ဒသမ သုညတင်းနှင့် နွေစပါး တင်း ၈၀ဝ တို့ကို ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း တိုင်းဒေသကြီးဦးစီးမှူး  ဦးဝင်းလှိုင်ဦး က ပြောကြားသည်။ 

ထို့နောက် မုံရွာခရိုင်တွင် ပဲတီစိမ်း ၈၄ ဒသမ ၅၀ တင်း၊ နှမ်း ၈ ဒသမ သုည တင်း၊ မြေပဲ ၂၁၇၄၀ တင်း၊ နေကြာ ၁၀၆၅ တင်း၊ ကုလားပဲ ၇၀၄၇ တင်း၊ အခြားပဲမျိုးစုံ ၂၂ ဒသမ ၅၀ တင်း၊ နွေစပါး ၅၂၀ တင်း၊ ယင်းမာပင်ခရိုင်တွင် ပဲတီစိမ်း ၉၈ ဒသမ သုညတင်း၊ နှမ်း ၅၁ ဒသမ သုညတင်း၊ မြေပဲ ၃၆၇၅ တင်း၊ နေကြာ ၅၂၂ တင်း၊ ကုလားပဲ ၅၃၂၅ တင်း၊ နွေစပါး ၁၆၇ တင်း ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း ၎င်းကပြောကြားသည်။

ယင်းနောက် ရွှေဘိုခရိုင်တွင် ပဲတီစိမ်း ၂၃၅ ဒသမ သုညတင်း၊ နှမ်း ၅၄၁ ဒသမ သုညတင်း၊ မြေပဲ ၁၉၉၀ တင်း၊ နေကြာ ၉၇ တင်း၊ ကုလားပဲ ၁၅၄၅ တင်း၊ မတ်ပဲ ၃၅ ဒသမ သုညတင်း၊ အခြားပဲမျိုးစုံ ၁၈ ဒသမ ၅၀ တင်း တို့ဖြစ်ပါကြောင်း၊ ကန့်ဘလူခရိုင်တွင် ၃၇ ဒသမ ၂၅ တင်း၊ ၁၅ ဒသမ သုည တင်း၊ မြေပဲ ၂၄၈၄၄ တင်း၊ နေကြာ ၁၇၁၀ ကီလို၊ ကုလားပဲ ၂၀ဝ၉ တင်း၊ မတ်ပဲ ၁၅၀ဝ ဒသမ သုည တင်း၊ အခြားပဲမျိုးစုံ ၂၁ ဒသမ သုညတင်း၊  နွေစပါး ၂၀ တင်း တို့ဖြစ် ပါကြောင်း ၎င်းက ပြောကြားသည်။

ထို့နောက် ကသာခရိုင်တွင် မြေပဲ ၂၄၀ဝ၀ တင်း၊ နေကြာ တင်း ၁၀ဝ ၊ ကုလားပဲ ၄၃ တင်း၊ မတ်ပဲ ၃ ဒသမ သုညတင်း၊ အခြားပဲမျိုးစုံ ၉၀ ဒသမ သုည တင်း၊ နွေစပါး ၉၈၅၀ တင်း တို့ဖြစ်ပါကြောင်း၊ ကလေးခရိုင်တွင် ပဲတီစိမ်း ၁၂ ဒသမ သုညတင်း၊ မြေပဲ ၁၄၅၁ တင်း၊ နေကြာ ၇၀၉၀ တင်း၊ ကုလားပဲ ၄၄ တင်း၊ အခြားသီးနှံ ၇၀ ဒသမ သုည တင်းများကို ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း ၎င်းက ပြောကြားသည်။ 

ယင်းနောက် မော်လိုက်ခရိုင်တွင်  ပဲတီစိမ်း ၂၅ ဒသမ သုညတင်း၊ မြေပဲ ၃၀ဝ၀ တင်း၊ နေကြာ ၃၀၉  တင်း၊ အခြားပဲမျိုးစုံ ၂၃ ဒသမ သုည တင်းတို့ဖြစ်ပါကြောင်း၊ တမူးခရိုင်တွင် မြေပဲ ၃၃၁၈ တင်း၊ နေကြာ ၅၄၀ တင်း၊ ကုလားပဲ ၁၅ တင်း၊ မတ်ပဲ ၁၅ ဒသမ သုညတင်း၊  အခြားပဲမျိုးစုံ ၅ ဒသမ သုညတင်းနှင့် ခန္တီးခရိုင်တွင် ပဲတီစိမ်း ၁၉ ဒသမ သုည တင်း၊ မြေပဲ ၆၂၇ တင်း၊ နေကြာ ၇၅ ကီလို၊ ကုလားပဲ ၅ တင်း၊ မတ်ပဲ ၂၁ ဒသမ ၅၀ တင်း၊ အခြားပဲမျိုးစုံ ၄၁ ဒသမ သုည တင်း၊ နွေစပါး  ၂ တင်း တို့ဖြစ်ပါကြောင်း ဦးဝင်းလှိုင်ဦး က ပြောကြားသည်။ 

ထို့နောက် တောင်သူများထံသို့ ဆောင်းသီးနှံနှင့် မိုးကြိုသီးနှံအတွက် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးရခြင်းမှာ မျိုးကောင်းပြီး မျိုးသန့်ပျိုးမှသာ အပင်သန်ခြင်း၊ အသီးအပွင့်ကြီးထွားခြင်း၊ အထွက်နှုန်းတိုးခြင်း၊ လယ်ယာထွက်ကုန်များ အရည်အသွေးကောင်းမွန်ပြီး ရောင်းအားကောင်းမှသာ တောင်သူများဝင်ငွေတိုးရန်တွက်ရည်ရွယ်ပြီး ယခုလို မျိုးကောင်းမျိုးသန့်များ  ဖြန့်ဖြူးရခြင်းဖြစ်ပါကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မွှေးကြူဇင်