ရွှေဘို      ၂၉     စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Globan Biz Link Co;ld တို့ BOT စနစ်ဖြင့်ဆောင်ရွက်မည့် စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမဆုံးပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးစီမံကိန်း     (Mixed-use Development) ပန္နက်တင်မင်္ဂလာအခမ်းအနားကို အမှတ်(၁၀)ရပ်ကွက်၊ ဂေါက်ကွင်းလမ်းရှိ အဆိုပါ စီမံကိန်းနေရာမဏ္ဍပ်တွင် ယနေ့နံနက် နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကိုကိုအောင်က အဆိုပါစီမံကိန်းကို အမှတ် ၁၀ ရပ်ကွက် ကွင်းအမှတ် (၂၈၁၀) တပ်မြို့တောင်ကွင်းရှိ မြေကွက်အမှတ် (/၈၆၄)မြေဧရိယာ(၁၅.)ဧကပေါ်တွင် ဆောင်ရွက်ရန် တင်ဒါဖိတ်ခေါ်ရာ Globan Biz Link Co;ld တစ်ခုတည်းသာ လျှောက်လွှာတင်သွင်းခဲ့သည်။ အဆိုပါကုမ္ပဏီကို BOT စနစ်ဖြင့် လုပ်ငန်းအပ်နှံရေးအတွက် ယခုနှစ် ဇူလိုင် ၁၂ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့နှင့် ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုခဲ့သည်။

အဆိုပါစာချုပ်တွင် ကုမ္ပဏီမှ Shop House Shopping Mall Hotel နှင့် လူနေ အိမ်များဆောက်လုပ်မည်ဖြစ်ပြီး စာချုပ်သက်တမ်းကာလအား (၃၅+၁၀+၁၀) နှစ် သတ်မှတ်ရန်၊ ဆိုင်ခန်းနှင့် ဟိုတယ်များ ဆောက်လုပ်မည့် မြေနေရာ ဧက အတွက် မြေငှားရမ်းခအား တစ်နှစ်လျှင် ၂၇၅ သိန်းနှုန်းဖြင့် နှစ် လျှင် တစ်ကြိမ် (၁၀) ရာခိုင်နှုန်းထက်မများသော အတိုး၊ အလျော့ပြုလုပ်ပြင်ဆင်သတ်မှတ်ရန်၊ ကုမ္ပဏီမှဆိုင်ခန်းရှင် များအပေါ် ငှားရမ်းခ၏ ရာခိုင်နှုန်းအား ကောက်ခံ၍ ရွှေဘိုမြို့နယ်စည်ပင်သာယာရေးကော်မတီသို့ ပေးသွင်းစေရန်၊ တည်ဆောက်ရေးကာလအား နှစ်သတ်မှတ်ရန်၊ ကျန်မြေ . ဧက ပေါ်တွင် လူနေအိမ်များဆောက်လုပ်ခြင်းလုပ်ငန်း နှင့်ပတ်သက်၍ ကုမ္ပဏီနှင့် စည်ပင် အကျိုးတူရပိုင်ခွင့်အား ကုမ္ပဏီက ၇၅ ရာခိုင်နှုန်းနှင့် စည်ပင်က ၂၅ ရာခိုင်နှုန်း သတ်မှတ်ရန် စည်ပင်သာယာရေးကော်မတီသို့ ပေးချေရမည့် ၂၅ ရာခိုင်နှုန်းကို အရစ်ကျစနစ်ဖြင့် နှစ်ခွဲ၍ ပေးသွင်း ရန်နှင့် စီမံကိန်းကာလတတိယနှစ်တွင် ၃၀ ရာခိုင်နှုန်းအားလည်းကောင်း၊ စတုတ္ထနှှစ်တွင် ၃၀ ရာခိုင်နှုန်းအား လည်းကောင်း၊ ပဉ္စမနှစ်တွင် ကျန် ၄၀ ရာခိုင်နှုန်းအားလည်းကောင်း ပေးချေရန်နှင့် CSR လုပ်ငန်းများအား သက်ဆိုင် ရာဒေသတွင် ရာခိုင်နှုန်းထက်မနည်းဆောင်ရွက်ပေးရန် စသည့် အချက်များကို ထည့်သွင်းချုပ်ဆိုခဲ့သည်။

ထို့နောက် ငှားရမ်းသည့်ကာလကုန်ဆုံးသွားပါကလည်း BOT စနစ်ဖြစ်သည့်အတွက် မြေနှင့်အဆောက် အဦအားလုံးကို ကုမ္ပဏီမှ အစိုးရသို့ ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်သည့်အတွက် ကုမ္ပဏီက ရင်းနှီးမြှုပ်နှံပေး ထားသော အဆိုပါမြေနှင့် အဆောက်အဦများကို အစိုးရမှ လိုအပ်သလို ဆက်လက်စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ Globan Biz Link Co;ld ဥက္ကဌ ဦးဇော်မင်းထွန်းက ကုမ္ပဏီမှ ဆောင်ရွက်မည့် ဆောက်လုပ်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး မင်္ဂလာအချိန်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများမှ ပန္နက်ရိုက်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)

 

20190929_071755-01