မုံရွာ နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်(၁၄)ခရိုင်၌ ယခုနှစ် မိုးစပါး ၁၈၀၈၂၅၇ ဧက လျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ ၁၄၇၇၅ ဧက ရိတ်သိမ်းပြီးစီးကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးစပါးများစိုက်ပျိုးရာတွင် စပါးမျိုးများဖြစ်သည့် မှော်ဘီ-၂၊ ဆင်းဧကရီ-၃၊ ဧရာမင်း၊ ဆင်းသုခ၊ မနောသုခ၊ ရွှေဘိုပေါ်ဆန်း၊ တောင်ယာစပါး၊ ရက်(၉၀)၊ ကောက်ညှင်း၊ GW-11၊ ရွှေသွယ်ရင်၊ လုံးသွယ်မွှေး၊ ရွှေရင်အေး၊ YSR-1 မျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့် ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပြီး တောင်သူလယ်သမားများ မိုးစပါးစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မိုးစပါးများကို တိုင်းဒေသကြီးအတွင်းရှိ မော်လိုက်ခရိုင်တွင် ၇၂၄၁၈ ဧက၊ တမူးခရိုင်တွင် ၄၈၇၁၆ ဧက၊ ကလေးခရိုင်တွင် ၁၇၆၆၅၉ ဧက၊ ခန္တီးခရိုင်တွင် ၈၂၇၉ ဧက၊ ဟုမ္မလင်းခရိုင်တွင် ၆၃၈၁၄ ဧက၊ နာဂဒေသတွင် ၂၅၄၂၈ ဧက၊ မုံရွာခရိုင်တွင် ၇၃၈၆၆ ဧက၊ ယင်းမာပင်ခရိုင်တွင် ၁၀၂၈၃၁ ဧက၊ ရွှေဘိုခရိုင်တွင် ၃၄၅၉၃၁ ဧက၊ ရေဦးခရိုင်တွင် ၂၉၅၆၁၄ ဧက၊ ကန့်ဘူခရိုင်တွင် ၁၈၅၀၅၇ ဧက၊ စစ်ကိုင်းခရိုင်တွင် ၄၃၈၁၉ ဧက၊ ကသာခရိုင်တွင် ၁၇၃၁၅၂ ဧက၊ ကောလင်းခရိုင်တွင် ၁၉၂၆၇၃ ဧက၊ စုစုပေါင်း ၁၈၀၈၂၅၇ ဧကကို မေလဆန်းမှ စတင်စိုက်ပျိုးနိုင်ခဲ့ပြီး အောက်တိုဘာလကုန် အထိ ၁၄၇၇၅ ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း ၆၃ ဒသမ ၇၂ ရာခိုင်နှုန်းဖြင့် စုစုပေါင်း စပါးတင်းပေါင်း ၉၄၁၄၀၈ ထွက်ရှိကာ ကျန်ရှိမိုးစပါးများကို ဇန်နဝါရီလကုန်အထိ ဆက်လက်ရိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


