မုံရွာ ၃ ဇူလိုင် 
    

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်မိုးရာသီတွင် ပျိုးပင်ပေါင်း ၇၅၄၅၈၀ ကျော် ဖြန့်ဝေပေးရန်လျာထားလျက်ရှိရာဇွန်လအကုန်အထိပျိုးပင် (၅၅၂၈၅၀)ပင်အား ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့အောင်၏ ပြောကြားချက်အရ သိရသည်။
    

“သစ်တောသစ်ပင်တွေ ပြန်လည်ဖြစ်ထွန်းအောင်မြင်ဖို့ နည်းလမ်းမျိုးစုံနဲ့ အသုံးပြုပြီး စိုက်ပျိုးရတာ ဖြစ်တဲ့အတွက် နှစ်စဉ်မိုးရာသီမှာ သစ်တောအတွင်းမှာ စိုက်ပျိုးကြသလို၊ လူထုလှုပ်ရှားမှု အသွင်နဲ့လည်း စိုက်ပျိုးကြတာဖြစ်တဲ့အတွက် အခုနှစ်မိုးရာသီမှာတော့ ပျိုးပင်ပေါင်း ခုနှစ်သိန်းငါးသောင်းကျော်ကို ဖြန့်ဝေပေးဖို့ လျာထားတာ အခုအချိန်အထိတော့ ပျိုးပင်ပေါင်း(၅)သိန်းကျော်ကို ဖြန့်ဝေပေးထားပြီးပါပြီ”ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့အောင်က ပြောသည်။
    

ပျိုးပင်များ ဖြန့်ဝေပြီးစီးမှုအနေဖြင့် ဇွန်လအကုန်အထိ စစ်ကိုင်းခရိုင်အတွင်း အပင် ၁၀၁၅၀ဝ အား လည်းကောင်း၊ ရွှေဘို ခရိုင်အတွင်း အပင်  ၁၆၃၈၀ဝ၊ မုံရွာခရိုင်အတွင်း  ၆၆၀၆၃ ပင်၊ ယင်းမာပင်ခရိုင်အတွင်း (၂၇၂၂၇)ပင်၊ ကသာ ခရိုင်အတွင်း (၉၁၄၆၀)ပင်၊ ကလေးခရိုင်အတွင်း(၅၇၁၀ဝ)ပင်၊ မော်လိုက်ခရိုင်အတွင်း (၂၅၀ဝ၀)ပင်၊ ခန္တီးခရိုင်အတွင်း(၁၈၀ဝ၀)ပင်နှင့် တမူးခရိုင်အတွင်း (၂၇၀ဝ)ပင် တို့အား ဖြန့်ဝေပေးထားကြောင်း သိရသည်။
                                                


ဝင်းဦး(ဇေယျာတိုင်း)