ကလေး ဇူလိုင် ၆

 

ကလေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်းမြို့နယ်များရှိ ဒေသခံပြည်သူများအတွက် ကိုဗစ်ကာကွယ်ဆေးများနှင့် အထောက်အကူပြုပစ္စည်းများကို ဇူလိုင် ၄ ရက်က တပ်မတော်လေယာဉ်ဖြင့် ကလေးလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

 

ကလေးမြို့လေဆိပ်သို့ ရောက်ရှိလာသော ကာကွယ်ဆေးများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေး၊ တမူး၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းမြို့နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်စေရန်အတွက် တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်မှ ကလေးမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ကလးမြို့သို့ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်များကို ဒေသကွက်ကဲရေးမှူး၊ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကလေးခရိုင်နှင့် မြို့နယ် ကျန်းမာရေးဌာန တာဝန်ရှိသူများမှ လက်ခံရယူ၍ အခြားမြို့နယ်များသို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကလေး(ပြန်/ဆက်)