စစ်ကိုင်း  ၁၀   ဖေဖော်ဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသတို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွင်း ငွေကျပ် ၁၈၃၃၇ ဒသမ ၇၂၂ သန်းပေါင်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုရန်ပုံငွေဖြင့်  ငွေကျပ် ၆၇၅၂ ဒသမ ၉၉၇ သန်း၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ငွေကျပ် ၈၂၆၃ ဒသမ ၆၃၃ သန်းနှင့် အိန္ဒိယနိုင်ငံ အထောက်အပံ့အနေဖြင့် (နာဂဒေသ)တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ငွေကျပ် ၃၃၂၁ ဒသမ ဝ၉၂ သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လက်ထောက်ညွန်ကြားရေးမှူး ဦးညီဆွေ က ပြောကြားသည်။

 

‌ေ

 

ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ငွေကျပ် ၆၇၅၂ ဒသမ ၉၉၇ သန်းကို  မြေလမ်း ၁၆၄ မိုင်၊ ကျောက်လမ်း ၁၁/ ၃ မိုင်၊ ကျောက်ရောမြေ၊ ချောင်းသဲကျောက် ၁၈/၃ မိုင်၊ ကွန်ကရစ်လမ်း ၈၂၃၀ ပေ၊ သံကူကွန်ကရစ်လမ်း ၁၃ စင်း(၄၃၅ ပေ)၊ Pipe Culvert ၁ စင်း၊ Box  Culvert  ၈၂ စင်း၊ ဘေလီတံတား ၅ စင်း( ပေ ၂၄၀ )ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း လက်ထောက်ညွန်ကြားရေးမှူး ဦးညီဆွေ က ပြောကြားသည်။ 

ထို့အတူ ပညာရေးလုပ်ငန်းများတွက်  စာသင်ကျောင်း ၁ ကျောင်း၊ ဝန်ထမ်းများနေထိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာ ၅ လုံး၊    ရေရရှိရေးလုပ်ငန်း ၂ ခု၊ မြေထိန်းနံရံ ၁၅၅ ပေ နှင့် ခြံစည်းရိုးကာရံခြင်း ၃ ခု (၂၃၂ပေ) စသဖြင့် ပြည်ထောင်စုရန်ပုံငွေဖြင့်  အသီးသီးဆောင်ရွက်လျက်ရှိပါကြောင်း  လက်ထောက် ညွှန်ကြားရေးမှူး ဦးညီဆွေ က ပြောကြားသည်။ 

ထို့နောက် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ငွေကျပ် ၈၂၆၃ ဒသမ ၆၃၃ သန်းဖြင့် လမ်း၊ တံတားများ တည်ဆောက်ရာတွင် မြေလမ်း ၈၁/၁ မိုင်၊ ကျောက်လမ်း ၉/၅ မိုင်၊ ကျောက်ရောမြေ-ချောင်းသဲကျောက် ၉/၁ မိုင်၊ ကွန်ကရစ်လမ်း ၅/၇ မိုင်၊ ကတ္တရာလမ်း ၂ မိုင်၊ ဆိုင်ကယ်လမ်း ၂၂ မိုင်၊ သံကူကွန်ကရစ်လမ်း ၁၄ စင်း (၂၄၁ ပေ)၊ သစ်သားတံတား ၈ စင်း (၂၉၂) ပေ၊ Pipe Culvert ၁၀ စင်း၊ Box  Culvert ၁၃၉ စင်း၊ ဘေလီတံတား ၁ စင်း (ပေ ၈၀) ဆောက်လုပ်ပေးလျက်ရှိကြောင်း ၎င်းကပြောကြားသည်။

ထို့နောက် ဝန်ထမ်းများနေထိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာ ၁၁ လုံး၊ စာကြည့်တိုက် ၁ ခု၊  ဘာသာရေးအတွက် ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဆိုလာလျှပ်စစ်မီး  ၆၈၁ စုံ၊ ရေသွားရေလာကောင်းမွန်ရေးအတွက် ရေဆိုးထုတ်မြောင်း ၁၂၀ဝ ပေ၊ မိုးတွင်းကာလတွင် မြေပြိုမှုများ ကာကွယ်ရန်အတွက် မြေထိန်းနံရံ ၄၂၀ ပေ၊ သီးနှံစိုက်ပျိုးနိုင်ရန်အတွက် လယ်ရေမြောင်း ၂/၃ မိုင်နှင့် စိုက်ပျိုးရေမြောင်း  ၁ မိုင် စသည်တို့ကို တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဦးညီဆွေ က ပြောသည်။ 

ယင်းနောက် အိန္ဒိယနိုင်ငံအထောက်အပံ့အနေဖြင့် (နာဂဒေသ)တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ငွေကျပ် ၃၃၂၁ ဒသမ ဝ၉၂ သန်းဖြင့်  မြေလမ်း  ၂၀ မိုင်၊ ကျောက်လမ်း ၆ မိုင်၊ Box  Culvert ၅၂ စင်း (၂၆၀ ပေ)၊ ဘေလီတံတား ၄ စင်း(၃၇၀ပေ)နှင့် ပညာရေးအတွက် စာသင်ကျောင်း ၃ ကျောင်း စသည်တို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးညီဆွေ က ပြောကြားသည်။ 

 

‌ေ

 

“ယခုဆိုရင် ခန္တီး-တိန်းအင်း-လက်ပံသာ-မှန်ပင်-ကောင်းမှု- ဖောင်းဆိုင်-ပဒူးမုန်းရွာ နှင့် ခန္တီး- ခင်ပုန်း-ကျွန်းစို- စောလင်း- မယ်ပုတ်လမ်းတွင် Box  Culvert တံတားနှင့်  ကျန်ရှိသည့် မြို့နယ်များတွင်လည်း လမ်း၊ တံတားကို ကဏ္ဍအဓိကထားပြီး ဆောင်ရွက်နေပါတယ်၊ ထို့အတူ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ရေရှိရေးကဏ္ဍ၊ လျှပ်စစ်မီးလင်းရေးကဏ္ဍ၊ အိမ်ရာတည်ဆောက်ရေးကဏ္ဍ၊ သာသနာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးညီဆွေ  က ပြောကြားသည်။ 

မွှေးကြူဇင် - ဓာတ်ပုံ အေးသီတာ