မုံရွာ ၂၁ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်(၅)ခုမှမြို့နယ်(၁၃)မြို့နယ်အတွင်းရှိသစ်တောဧရိယာအတွင်း စီးပွားရေး ကျွန်း နှင့်ပျဉ်းကတိုးစိုက်ခင်းဧက ၂၆၀ဝ ကို၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်အပြီးစိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့အောင်၏ ပြောကြားချက်အရ သိရသည်။
ကျွန်းစိုက်ခင်းများစိုက်ပျိုးပြီးစီးမှူးအနေဖြင့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ သော်ကြိုးဝိုင်းအတွင်း ဧက ၄၀ဝ၊ ကသာခရိုင် ကောလင်းမြို့နယ်အတွင်းရှိ ကျွန်တောကြိုးပြင်ကာကွယ်တောအတွင်း ၁၂၅ ဧက၊ ထီးချိုင့်မြို့နယ် ဂဟဲကြိုးဝိုင်းအတွင်း ဧက ၁၅၀) ၊ ပင်လည်ဘူးမြို့နယ် နန့်ဘရန့်ကြိုးဝိုင်းအတွင်း ဧက ၈၀၊ ဝန်သိုမြို့နယ် ဖီလေးကြိုးဝိုင်းအတွင်း ၁၃၅ ဧက၊အင်းတော်မြို့နယ်ဂဟဲကြိုးဝိုင်းအတွင်း ဧက ၁၅၀ အား လည်း ကောင်း၊ ပျဉ်းကတိုးစိုက်ခင်း ဧက၂၀ဝကို ကသာမြို့နယ် အောင်ပုံ-နတ်တံခါးကြိုးပြင်ကာကွယ်တော အတွင်း လည်းကောင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်ရှိ ပင်ထောင်ကြိုးဝိုင်းအတွင်း ကျွန်းစိုက်ခင်း ဧက ၅၀ ၊ ပုလဲမြို့နယ် ခင်အေးကြိုးဝိုင်းအတွင်း ကျွန်းစိုက်ခင်း ၂၁၅ ဧကအားလည်းကောင်း၊ ကလေးခရိုင် ကလေးမြို့နယ်ရှိ ပန်းမတောင် ကြိုးပြင်ကာကွယ်တောအတွင်းကျွန်းစိုက်ခင်းဧက ၁၀ဝ၊ ကလေးဝမြို့နယ်ရှိ ကြာပင်ကြိုးဝိုင်း အတွင်းကျွန်းစိုက်ခင်း ဧက၁၀ဝ၊ မင်းကင်းမြို့နယ်ရှိသံပေါက်ကြိုးဝိုင်းအတွင်း ကျွန်းစိုက်ခင်း ဧက ၁၀ဝအား လည်းကောင်း၊ မော်လိုက်ခရိုင် မော်လိုက်မြို့နယ်ရှိ မော်ကူးကြိုးဝိုင်းအတွင်း ကျွန်းစိုက်ခင်းဧက ၅၀ အား လည်းကောင်း စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် တန်ဖိုးမြင့်သစ်အမျိုး အစားများဖြစ်သော ကျွန်းနှင့်ပျဉ်းကတိုးသစ်မျိုးများဧက ၂၆၀ဝ ကို မိုးရာသီကာလအတွင်း စိုက်ပျိုးလျက် ရှိရာ ၂၀၁၉ ခုနှစ်ဇွန်လအကုန်အထိ ကျွန်းစိုက်ခင်း ၁၆၅၅ ဧကနှင့်ပျဉ်းကတိုးစိုက်ခင်း ဧက ၂၀ဝ စုစုပေါင်း (၁၈၅၅)ဧက တို့ကို စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


