နေပြည်တော် ၁၈ ဇွန်

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မုံရွာရုံးခွဲ) တာဝန်ခံသည် တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ပါဝင်သော စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာများအရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်နိုင်ရေး သွားရောက်စစ်ဆေးခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဟိုတယ်/တည်းခိုရိပ်သာ စုစုပေါင်း (၅၇) လုံးအနက် မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ကလေး၊ ကသာ၊ အင်းတော်၊ ဟုမ္မလင်း၊ ခန္တီး၊ တမူးမြို့များရှိ COVID-19 ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိသော ဟိုတယ်/ တည်းခိုရိပ်သာ (၅၁)လုံးအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

 

၎င်းအပြင် ကျန်ရှိနေသော ဟိုတယ်နှင့် တည်းခိုရိပ်သာများ ဖွင့်လှစ်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိအား သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

 

ဟိုတယ်/ခရီး